Pages

Wednesday, November 16, 2011

လေ့လာစရာ မှော်ဘီမှာ






နွေးထွးပျူဌာ ကြိုဆိုပါ၏။

Read more...

မှော်ဘီ မိတ်ဆက်




ကျွန်တော်ဟာ မှော်ဘီသားပါ။ ကလောမှာမွေးပါတယ်။ ရှုပ်သွားမယ်ထင်တယ်ဗျ ။ ဒီလိုလေဗျာ ကလောမှာ
မွေးပြီးမှော်ဘီမှာအခြေကျတယ်လို့ဆိုခြင်တာပါ။ အဲ မှော်ဘီဆိုတော့ ရန်ကုန်မြို့ထဲကလူတွေက တော်တော်ဝေးတဲ့ တောအရပ်လို့ထင်ကြသေးတယ်ဗျ။ ဟုတ်တာဘဲ ဆူးလေဘုရားကနေ မိုင် (၂၀) လောက်ကားစီရင် မှော်ဘီမြို့နယ်ကိုစ၀င်ပြီပေါ့ ။ ကြွားရဦးမယ်
မှော်ဘီမှာလေ တစ်နိုင်ငံလုံးကို လွှင့်နေတဲ့ မြ၀တီ ရုပ်သံဌာနကြီးရှိတယ်ဗျ ။ အားလုံးသိကြတဲ့ ညောင်နှစ်ပင်
ညီလာခံကြီးရှိတယ်ဗျ ။ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးရအထူးဇုံဆိုရင် ရန်ကုန်ရွှေမြို့တော်သူ မြို့တော်သားတွေ
စားသုံးနေကြတဲ့ ဟင်းသီးဟင်းရွက် သားငါးအစုံထုတ်ပေးနေတဲ့နေရာကြီးဖြစ်နေပြီဗျ။ ဒါနဲ့အားလုံးကျန်းမာရေးအရသောက်သုံးကြတဲ့ရေသန့် ဘာလဲဗျာ အယ်လပိုင်း ၊ မက်စ်ပလပ် အချိုရည် ။ ပါဝါ ။ရေသန့်.က အစအချိုရည်အဆုံးမှော်ဘီ က ရေကောင်းလို့တဲ့ စက်ရုံတွေလာဆောက်ပြီးတစ်နိုင်ငံလုံးမှော်ဘီကရေတွေ ဖြ့န်နေတာဗျ ။ အဲဒီလောက်ဆိုရင်မှော်ဘီက ရေခံမြေခံ ကောင်းတယ်လို့ကြွားချင်တာဗျ ။
နည်းပညာတက္ကသိုလ် လဲရှိသေးတယ်ဗျာ ။ စက်မှုစွမ်းအားနဲ့ခေတ်ကြော်လွှားနိုင်ဖို့ မြောင်းတကာစက်မှုဇုံ
ဆိုတာကလည်းမှော်ဘီမှာဘဲလေ ။
ကြွားစရာတွေအများကြီးကျန်သေးတယ်ဗျ မေတ္တာရှင်ရွှေပြည်သာဆရာတော်၊ဦးသုင်္မဂ္ဂလ ဆရာတော်၊ဦးဆေကိန္ဒ၊ သဇင်ရေကျော် ဆရာတော် ဦးညာဏော ၊ စဖြင့် နာမည်ကြီးဆရာတော်တွေ မှော်ဘီမှာ
အကုန်နီးပါးသီတင်းသုံး ကြတယ်ဗျ။
သံသရာအတွက် တရားအားထုတ်ချင်ရင် ချမ်းမြေ့နည်း၊မိုးကုတ်နည်း၊ သဲအင်းဂူနည်း အဲ သဲအင်းဂူဆိုလို့
ရဟန္တာ သဲအင်းဂူဆရာတော်ကြီးကလည်းမှော်ဘီကဘဲဗျ ။ ကြိုက်တဲ့နည်းနဲံတရားအားထုတ်လို့ရတယ်ဗျ။

အဲဒါဆိုရင်မှော်ဘီမှာနေရတာလောကီ ၊လောကုတ္တရာအကျိုးနှစ်ဖြာ အကျိုးရှိန်ုင်တာပေါ့ဗျာ။
ကျန်သေးတယ်ဗျ ဒီဆိုဒ်ရဲ့ မှော်ဘီဆရာသိန်းကြီးကလည်း၊မှော်ဘီက မင်းရွာသားဗျ ။ ရှည်သွားပြီနောက်မှမှော်ဘီအကြောင်းအသေးစိတ်ထပ်ရေးဥိးမယ်ဗျာ။

Read more...

Thursday, November 3, 2011

မှော်ဘီဆရာသိန်း အနှစ် (၁၅၀) ပြည့်အထိမ်းအမှတ် ဘလောဒ့်ကိုစတင်ခြင်း



မှော်ဘီဆရာသိန်း  အနှစ် (၁၅၀) ပြည့် နှစ်အမှတ်တရ ပွဲတော် ကျင်းပနိုင်ရေး
အတွက် ကျွန်တော်မှ တစ်ဘက်တစ်လမ်းမှ တတ်နိုင်သ၍ ဤ ဘလောဒ့်ကို
3-11-2011 မှာစတင်ခဲံပါတယ်။

Read more...